Blog

January 26, 2024

Professional ဆန်ဆန် အလုပ်လုပ်တတ်ကြတယ်ဆိုတာ….

လူတွေက ပြောကြတယ် “ဒီလူ အလုပ်လုပ်တဲ့ နေရာမှာ Professional ဆန်တယ်နော်…” စသဖြင့် ကြားဖူးကြမှာပါ။ ဘာလို့လဲ ဒီလိုပြောကြရတာလဲ။ Professional ဆန်တယ်ဆိုတာ ဘာလဲ? ကြည့်လိုက်ရအောင်…

Professional ဆန်တယ်ဆိုတာ တကယ်တော့ အလုပ်လုပ်တဲ့နေရာမှာ နားလည်ရုံ ၊ တော်ရုံတတ်ရုံနဲ့တင် မရပါဘူး။ နောက်ထပ် Professional ဆန်ပါတယ်ဆိုတဲ့သူတွေ အနေနဲ့ ရှိကိုရှိရမဲ့ အချက်(၄)ချက် ရှိပါသေးတယ်။

၁။ ။ Honesty (ရိုးသားမှု)

၂။ ။ Integrity (ဂုဏ်သိက္ခာ)

၃။ ။ Mutual Respect (အပြန်အလှန်လေးစားမှု)

၄။ ။ Ethics (လူ့ကျင့်ဝတ်) တို့ပဲ ဖြစ်ပါတယ်။

၁။ ။ Honesty (ရိုးသားမှု)

ရိုးသားခြင်းဟာ Professional ဆန်ဆန် အလုပ်လုပ်တတ်တယ်ဆိုတဲ့သူ တစ်ယောက်အတွက်တော့ အခြေခံ ရှိကိုရှိရမဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

Company တွေကလည်း ရိုးသားကြိုးစားပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတွေကိုပဲ သဘောကျကြတာပါ။

မရိုးသားတဲ့ သူတွေ အတွက်ကတော့ လူကြီးတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်နေရင်တော့ နေရာလေးတစ်ခု ရရင် ရနိုင်ပေမယ့် တကယ်တမ်းကျ သူတို့အတွက် နေရာဆိုတာ ရှိမှာမဟုတ်ပါဘူး။

တစ် အချက်အနေနဲ့

ရိုးသားပါ ၊ ရိုးသားပါ ၊ ရိုးသားပါ…

၂။ ။ Integrity (ဂုဏ်သိက္ခာ)

အပေါ်က နံပါတ်တစ်နဲ့ ပြန်ချိတ်ရရင် ရိုးသားတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်သကဲ့သို့ ပျက်စီးသွားမှာကို အသေကြောက်ကြပါတယ်။

Professional ဆန်ဆန် အလုပ်လုပ်တတ်တယ်ဆိုတဲ့ နေရာမှာ မိမိကိုယ်ကို တန်ဖိုးထားတတ်မှုဟာလည်း အရေးကြီးပါတယ်။

“Professional ဆန်ဆန် အလုပ်လုပ်ပါ” လို့ လာလာပြောနေတဲ့ လူတွေကိုယ်တိုင်တောင် ကိုယ်ကျင့်တရား ကောင်းချင်မှ ကောင်းနေမှာပါ။

ဥပမာတစ်ခုအနေနဲ့

ဌာန တစ်ခုမှာ ရှိတဲ့ ဝန်ထမ်းတွေက သူတို့ ဌာနက လူကြီးတစ်ယောက်ဟာ ငွေကြေးအလွဲသုံးစားလုပ်နေတာကို သိနေတယ်။ အဲ့ဒါကြောင့် HR ကို တိုင်လိုက်တယ်။ ဒါကို အဲ့လူကြီးထက်ကြီးတဲ့ ဌာနမှရှိနေတဲ့ ဒါရိုက်တာတွေ၊ မန်နေဂျာတွေက….

တိုင်လိုက်မိတဲ့ ဝန်ထမ်းလေးတွေကိုခေါ်ပြီး

“ဘာလို့ သူတို့ကို မပြောတာလဲ?”

“ဘာလို့ သူတို့ကို ကျော်ပြီး HR ကို တိုင်တာလဲ?”  စသဖြင့် မေးပြီး

အဲ့လို အလွဲသုံးစားမှုတွေက လူတိုင်းလိုလို ဖြစ်တတ်ကြတာပဲ။

“နောက်ဆို အလုပ်လုပ်ရင် professional ဆန်ဆန် အလုပ်လုပ်နော်”

လို့ ခေါ်သတိပေးတဲ့ ဒါရိုက်တာတွေ၊ မန်နေဂျာတွေ ကိုယ်တိုင်ဟာ professional ဆန်ဆန်အလုပ်လုပ်တတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်တာပဲလား ၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်လည်း ငွေအလွဲသုံးစားလုပ်ခဲ့ကြလို့များလား (ပုလင်းတူဗူးဆို့) တွေလား ဆိုပြီးတောင် စဉ်းစားစရာတွေ ဖြစ်စေပါတယ်။

အလုပ်ထဲမှာ ဂုဏ်သိက္ခာရှိပြီး Professional ဆန်တယ်ဆိုတာ…

“ဘက်မလိုက်ဘဲ ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ဖို့လည်းလိုအပ်ပါတယ်”

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုမရှိရင် ရေရှည် အလုပ်လုပ်လို့ ရကြမှာ မဟုတ်ပါဘူး။

ရာထူးငယ်ငယ်၊ ရာထူးတွေ ဘယ်လောက်ကြီးကြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှုမရှိရင် အဲ့ Organization ၊ Company အတွက် ကျရှုံးခြင်းကို ဦးတည်နေတာပါပဲ။

ရာထူးကြီးလို့ ရာထူးငယ်တဲ့ ဝန်ထမ်းတွေကို အလေးထားစရာမလိုဘူးလို့ တွေးနေတဲ့ ဦးနှောက်တွေ

ဆိုရင်တော့ တော်တော်သနားစရာကောင်းနေမှာပါ။

ဟုတ်ပါတယ်…

ငါက ရာထူးကြီးတာပဲ ငါလုပ်ချင်တာ လုပ်တာပဲဆိုတဲ့ အတွေးအ​ခေါ်က ရာထူးငယ်တဲ့သူတွေကို လေးစားမှုမရှိတာပါပဲ။ နောက်တစ်ခုက ငါနဲ့ တည့်တဲ့သူတွေပဲ ခေါ်ထားမယ်၊ ငါနဲ့ မတည့်တဲ့သူတွေ ဒိုးလိုက်တော့ဆိုတဲ့ စိတ်ဓာတ်တွေဟာ အလွန် အောက်တန်းကျလွန်းပါတယ်။

ဥပမာ အနေနဲ့ Organization တစ်ခုမှာဆိုပါစို့

ဝန်ထမ်းလျော့ရမယ်ဆိုတဲ့အခါ

အတွေ့အကြုံတွေ၊ လုပ်သက်တွေ နှစ်ဆယ်ချီပြီး organization အတွက် ပေးဆပ်လုပ်ပေးခဲ့တဲ့ဝန်ထမ်းငယ်တွေရှိတယ်။ ထိုဝန်ထမ်းတွေက ဒါရိုက်တာတွေ၊ မန်နေဂျာတွေကို မဖားတတ်လို့၊ ကိုယ်မှန်နေရင် မဟုတ်မခံ ဒဲ့ဒိုးပြန်ပြောတတ်ကြလို့ ဝန်ထမ်းလျော့ကြပြီဆိုရင် ဒါရိုက်တာတွေ၊ မန်နေဂျာတွေက သူတို့နဲ့တည့်တဲ့သူတွေ၊ သူတို့အကြိုက် လိုက်တတ်သူတွေကိုသာ ခေါ်ထားတတ်ပြီး သူတို့နဲမတည့်သူ ရန်သူဆိုပြီး သူတို့ control လုပ်မရတဲ့ ဝန်ထမ်းတွေကို

“မင်းတို့ကို ငါတို့ ထုတ်လိုက်ပြီကွာ”

လို့ မပြောပေမယ့်လည်း လူတွေကို အဝေးကို ဖယ်ထုတ်ခံမလား၊ အလုပ်ထွက်ကြမလား ဆိုပြီး စိတ်ဒဏ်ရာတွေ၊ သောကတွေ ရောက်အောင်လုပ်ပြီး ဖယ်ထုတ်ခံနေရကြတာပါ။

ဒါဟာ မျှတမှု ရှိရဲ့လား? စဉ်းစားစရာပါပဲ။

တစ်ကယ်တော့ အပြန်အလှန် မလေးစားတတ်တဲ့ မန်နေဂျာတွေ၊ ဒါရိုက်တာတွေ၊ ဝန်ထမ်းတွေ ရှိနေလို့ပါပဲ။

၄။ ။ Ethics (လူ့ကျင့်ဝတ်)

Professional ဆန်ဆန် အလုပ်လုပ်တတ်ခြင်း အတွက် အလွန်အလွန် အရေးကြီးဆုံးကတော့

ethics (လိုက်နာရမည့် လူ့ကျင့်ဝတ်)တွေကို စောင့်ထိန်း လိုက်နာတတ်ဖို့ပါပဲ။

ကိုယ့်ရဲ့ Company အပေါ် စောင့်စည်းရမယ့် အလုပ်ကျင့်ဝတ်တွေကိုလည်း ထိန်းသိမ်းလိုက်နာတတ်ရပါမယ်။

Ethics ကို နားမလည်တဲ့ လူတွေနဲ့ အလုပ်လုပ်နေရတာဟာ ဘာနဲ့တူလည်း ဆိုရင် လာဒ်စားတတ်တဲ့သူတွေ၊ လာဒ်စားတာကို မသိမသာ ခိုးပြီး အားပေးနေတဲ့သူတွေ၊ လူ့ကျင့်ဝတ်တွေကို မစောင့်စည်းတတ်တဲ့ လူယုတ်မာတွေနဲ့ အလုပ်လုပ်နေရသလိုပါပဲ။

နောက်ဆုံး သတိလေးပေးချင်တာကတော့ Professional ဆန်ဆန်အလုပ်လုပ်ပါလို့ ခေါ်ပြီး ဆူတတ်ပြီး Professional မဆန်တဲ့သူတွေအတွက်ပါ။

Professional ဆန်ဆန်အလုပ်တတ်တယ်ဆိုတာ အလုပ်တွေအပေါ် အရမ်းတော်နေရုံတစ်ခုထဲ မရဘဲ

ရိုးသားပြီး ကိုယ်ကျင့်သိက္ခာ ကို တန်ဖိုးထားသည့်အပြင် စောင့်စည်းရမဲ့ လူ့ကျင့်ဝတ်လေးတွေပါ နားလည်လိုက်နာတတ်ပြီး ဝန်ထမ်းအချင်းချင်း အပြန်အလှန် လေးစားမှု ရှိမှသာ Professional ဆန်ဆန် အလုပ်လုပ်တတ်တယ်လို့ ခေါ်တယ်ဆိုတာလေး အသိပေးရင်း Professional ဆန်ဆန် အလုပ်လုပ်တတ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Comments